ပေါ်လစီလျှောက်ထားမှု လုပ်ဆောင်ချက်

ကျွန်ုပ်တို့ဟာ အာမခံပေါ်လစီလျှောက်ထားမှု လုပ်ဆောင်ချက်ကိုသာမက ဝယ်ယူသူတွေအနေနဲ့ ကျွန်ုပ်တို့ရဲ့ အာမခံပေါ်လစီတွေနဲ့ ဝန်ဆောင်မှုတွေကနေ အကျိုုးခံစားခွင့်ရရှိစေဖို့ အလေးထားပါတယ်။ အဲဒီအတွက်ကြောင့် သင့်ရဲ့ပေါ်လစီနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အလွယ်တကူ သိရှိနိုင်ပြီး ကျွန်ုပ်တို့ရဲ့ အကူအညီကို လွယ်ကူစွာရယူနိုင်ဖို့အတွက် နည်းလမ်းများစွာ ပြုလုပ်ပေးထားပါတယ်။ GGI Tokio Marine ကနေပြီး အာမခံပေါ်လစီတစ်ရဲ့ ပုံမှန်အကျိုးခံစားခွင့်ထက်ပိုတဲ့ အကောင်းဆုံးဝန်ဆောင်မှုကို ပေးစွမ်းမှာဖြစ်တဲ့အတွက် သင့်အနေနဲ့ စိတ်အေးချမ်းမှုကို အပြည့်ရရှိမှာပါ။ ကျွန်ုပ်တို့ဟာ သင့်အတွက် လုံခြုံမှုနဲ့ အကာအကွယ်ပေးရုံသာမက အာမခံလျော်ကြေးတောင်းခံမှုကိုလည်း မြန်မြန်ဆန်ဆန် လုပ်ဆောင်ပေးပါတယ်။

သင့်အနေနဲ့ ကျွန်ုပ်တို့ကို လိုအပ်တဲ့အချိန်မှာ အမြဲတမ်း အဆင်သင့်ရှိနေချင်ပါတယ်။ အဲဒီအတွက် ကျွန်ုပ်တို့ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တွေကနေပြီး သင့်ရဲ့အာမခံထားရှိမှု အဆင့်တိုင်းမှာ ကူညီပေးသွားမှာပါ။

ကျွန်ုပ်တို့ရဲ့ ဝါရင့်အေးဂျင့်အများအပြား၊ တည်ငြိမ်တဲ့ ငွေရေးကြေးရေးအခြေအနေနဲ့ သင့်ရဲ့ အာမခံလိုအပ်ချက်မှန်သမျှကို ဝန်ဆောင်မှုပေးနိုင်စွမ်းတို့က ကျွန်ုပ်တို့ကို အောင်မြင်နေစေတဲ့အရာတွေပါပဲ။

ပေါ်လစီလျှောက်ထားရာတွင် လုပ်ဆောင်မှုအဆင့်ဆင့်

အဆင့် ၁

ပေါ်လစီလျှောက်ရန် ဆုံးဖြတ်ခြင်း

အဆင့် ၂

GGI Tokio Marine ရုံး သို့မဟုတ် မည်သည့် GGI Tokio Marine ကိုယ်စားလှယ်နှင့်မဆို စာချုပ်ချုပ်ဆိုခြင်း

အဆင့် ၃

GGI Tokio Marine မှ အချက်အလက်များကို စိစစ်အတည်ပြုခြင်း

အဆင့် ၄

ကိုယ်စားလှယ်တစ်ယောက်က သင်နဲ့တွေ့ပြီး GGI Tokio Marine နဲ့ သူ့ရာထူးကို မိတ်ဆက်ပြီးတဲ့နောက် ကျွန်ုပ်တို့ဝန်ဆောင်မှုပေးတဲ့ အာမခံပေါ်လစီအမျိုးအစားတွေကို ပြောပြပေးမှာဖြစ်ပါတယ်။

အဆင့် ၅

အဲဒီကိုယ်စားလှယ်ကနေပြီး သင်ရယူသင့်တဲ့ ပေါ်လစီတစ်မျိုးနဲ့ အခြားအမျိုးအစားတူ ပေါ်လစီတွေကို ညွှန်းပါလိမ့်မယ်။ အဲဒီနောက်မှာ သူညွှန်းတဲ့ပေါ်လစီရဲ့ အခြေခံအချက်အလက်တွေ၊ နှုန်းထားတွေနဲ့ အကျိုးခံစားခွင့်တွေကို ရှင်းပြမှာဖြစ်ပါတယ်။ ပေါ်လစီနဲ့ပတ်သက်ပြီး သင်သိလိုသမျှ မေးခွန်းအားလုံးကိုလည်း ဖြေကြားပေးမှာဖြစ်ပါတယ်။

အဆင့် ၆

သင့်အနေနဲ့ ပေါ်လစီတစ်ခုခုကို မဝယ်ယူခင်မှာ ကိုယ်စားလှယ်ကညွှန်းတဲ့ပေါ်လစီနဲ့ အခြားရွေးချယ်စရာ ပေါ်လစီတွေကို သင်နဲ့ကိုက်ညီတဲ့ ပေါ်လစီကို ကိုယ်တိုင်ရွေးချယ်ရမှာဖြစ်ပါတယ်။

အဆင့် ၇

ကိုယ်စားလှယ်က သင်ရယူသင့်တဲ့ ပေါ်လစီတစ်ခုခုကို မညွှန်းဆိုခင်မှာ သင့်လိုအပ်ချက်တွေနဲ့ သင့်ငွေရေးကြေးရေး အခြေအနေကို အရင်ဆုံး သိရှိနားလည်ဖို့လိုပါတယ်။

အဆင့် ၈

သင့်ဘက်က ပေါ်လစီကို ရွေးချယ်ပြီးသွားတဲ့အခါ သင့်အတွက် လိုအပ်သမျှ စာရွက်စာတမ်းအားလုံးကို ကိုယ်စားလှယ်ကနေပြီး ပြင်ဆင်ပေးမှာဖြစ်ပါတယ်။

အဆင့် ၉

ပေါ်လစီစာချုပ်မှာ လက်မှတ်ထိုးပြီးတဲ့အခါ ပေါ်လစီ အသက်ဝင်ပြီဖြစ်ပါတယ်။