ပြည်ပကသင့်သွင်းကုန်ပို့ကုန်ကိုကာကွယ်ပါ

ကမ္ဘာကြီးကချိတ်ဆက်မှုအားပိုကောင်းလာတာနဲ့အမျှ မြန်မာ့လုပ်ငန်းရှင်တွေဟာလည်းမိမိတို့ရဲ့ အဖိုးတန်ကုန်စည်တွေကို       ပြည်ပရေကြောင်းခရီးနဲ့ပို့ဆောင်ရာမှာဖြစ်ပေါ်နိုင်တဲ့မတော်တဆမှုတွေကနေကာကွယ်ဖို့ လိုအပ်လှပါတယ်။

ဒီအထူးပေါ်လစီကနေ လုပ်ငန်းရှင်ဖြစ်တဲ့သင့်အတွက် သင့်ရဲ့ ရေကြောင်းနဲ့လေကြောင်းနှင့်တင်သွင်းတင်ပို့လုပ်ဆောင်နေတဲ့ ကုန်စည်တွေကို ထိခိုက်ဆုံးရှုံးမှုကနေ ကာကွယ်ပေးမှာဖြစ်ပါတယ်။

ကမ္ဘာအနှံ့အပြားကသင့်ရဲ့လုပ်ငန်းကိုအရည်အသွေးမြင့် အကာအကွယ်ဖြင့် ကမ္ဘာကြီးရဲ့နေရာတိုင်းမှာ ကျွန်ုပ်တို့ကာကွယ်ပေးမှာပါ။

သင့်ကုန်စည်တွေဟာသိပ်အရေးကြီးလှတာမို့ ကံကိုပုံအပ်မထားဘဲဒီနေ့ပဲ ကျွန်ုပ်တို့ဆီမှာအာမခံထားပြီးသင့်ကုန်စည်တွေ လုံခြုံတယ်ဆိုတဲ့အသိနဲ့ စိတ်ချလက်ချနေလိုက်ပါ။

ဝန်ဆောင်မှုများ

  • ဒီပေါ်လစီကသင်္ဘောမီးလောင်ခြင်းသို့မဟုတ် ပေါက်ကွဲခြင်းအပြင် သင်္ဘောများသောင်တင်ခြင်း၊ နစ်မြှုပ်ခြင်းနဲ့ တိမ်းမှောက်ခြင်းကြောင့် ဆုံးရှုံးထိခိုက်မှုအတွက် အကာအကွယ်ပေးပါတယ်။ အခြားသင်္ဘောများနှင့် ထိခိုက်မိခြင်း၊ အခြားပြင်ပအရာများနှင့်ရေယာဉ်ထိခိုက်မိခြင်းတို့အတွက်လည်းကာကွယ်ပေးပါတယ်။
  • သွင်းကုန်လုပ်ငန်းရှင်များ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ ကုန်စည်ပိုင်ရှင်များ၊ ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီများ၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များနဲ့ တရားဝင်ကိုယ်စားလှယ်များအနေနဲ့ ဒီပေါ်လစီကိုရယူထားသင့်ပါတယ်။

အဓိကအကျိုးခံစားခွင့်များ

  • ကြိုမမြင်ရသောအခြေအနေများနှင့် သင်္ဘောမီးလောင်ခြင်း၊ ပေါက်ကွဲခြင်းတို့ကြောင့် မျော်လင့်မထားသောမတော်တဆထိခိုက်ဆုံးရှုံးမှုတွေကနေ အကာအကွယ်ပေးခြင်း။
  • သင်္ဘောသောင်တင်ခြင်း၊ နစ်မြှုပ်ခြင်းနှင့် တိမ်းမှောက်ခြင်းတို့ကြောင့်ဖြစ်ပေါ်လာတဲ့ကုန်ပစ္စည်းပျက်စီးဆုံးရှုံးခြင်းတို့အတွက် အကာအကွယ်ပေးခြင်း။
  • ရေကြောင်းသယ်ယူပို့ဆောင်ရာတွင် သင်္ဘောချင်းထိခိုက်မိခြင်း၊အခြား ပြင်ပအရာနှင့် ထိခိုက်မိခြင်းတို့အတွက် အကာအကွယ်ပေးခြင်း။
ဆက်သွယ်ရန်

အခြားသိလိုတဲ့အချက်အလက်များ ရှိပါသေးသလား

ကျွန်ုပ်တို့ဘက်မှ ကူညီဖို့အသင့်ရှိပါတယ်။ ယနေ့ပဲ ဆက်သွယ်လိုက်ပါ

ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ