သင့်ရေယာဉ်ကို ကာကွယ်ပါ

မြန်မာနိုင်ငံဟာ နိုင်ငံတွင်းက မြစ်တွေနဲ့ ကမ်းရိုးတန်းရေကြောင်းလမ်းတွေမှာ ပုံမှန်ကူးသန်းသွားလာနေတဲ့ သင်္ဘောတွေနဲ့ ရေကြောင်းဆက်သွယ်မှု ဖွံ့ဖြိုးအောင်မြင်တဲ့ နိုင်ငံဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ သင်္ဘောကိုယ်ထည်အာမခံပေါ်လစီက အဲဒီရေကြောင်းလမ်းတွေမှာ ကုန်စည်တွေကို တင်သွင်းတင်ပို့လုပ်နေတဲ့ သင်္ဘောတွေကို ဆုံးရှုံးမှု၊ ထိခိုက်ပျက်စီးမှု သို့မဟုတ် ရေကြောင်းလွှဲချော်၍ထိခိုက်ဆုံးရှုံးမှုတွေကနေ အကာအကွယ်ပေးမှာပါ။ ကုန်တင်သင်္ဘောတွေမှာ ရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အဲဒီလိုဖြစ်ရပ်မျိုးတွေအတွက် အာမခံပေါ်လစီ ရယူထားဖို့ အရေးကြီးလှပါတယ်။

ကျွန်ုပ်တို့ရဲ့ ပေါ်လစီတွေက ရိုးရှင်းပြီးပွင့်လင်းမြင်သာမှုရှိကာ နေ့ညအချိန်ပြည့်ဝန်ဆောင်မှုကို ထားရှိပေးတဲ့အပြင် လျော်ကြေးထုတ်ပေးတာလည်း မြန်ဆန်ပါတယ်။ သင့်ရေယာဉ်ပျောက်ဆုံးပျက်စီးခဲ့သည်ရှိသော် ကျွန်ုပ်တို့ ကူညီပေးဖို့အသင့်ပါပဲ။

ဝန်ဆောင်မှုများ

  • ရိုးရှင်းလွယ်ကူတဲ့ ဒီပေါ်လစီက ကြိုမမြင်နိုင်တဲ့ အခြေအနေတွေနဲ့ မီးကြောင့် ပျက်စီးဆုံးရှုံးခြင်း၊ ပေါက်ကွဲမှုဖြစ်ခြင်း၊ သင်္ဘောများ သောင်တင်ခြင်း၊ နစ်မြုပ်ခြင်း သို့မဟုတ် တိမ်းမှောက်ခြင်းအပြင် အခြားအရာများနဲ့ တိုက်မိခြင်းတို့အတွက်ပါ အကာအကွယ်ပေးမှာဖြစ်ပါတယ်။

အဓိက အကျိုးခံစားခွင့်များ

  • သင်္ဘောပျောက်ဆုံးခြင်း၊ မီးလောင်ထိခိုက်ခြင်း၊ ပေါက်ကွဲမှုဖြစ်ခြင်း၊ သောင်တင်ခြင်း၊နစ်မြုပ်ခြင်း၊ တိမ်းမှောက်ခြင်းတို့အတွက် အကာအကွယ်ပေးခြင်း။
  • ရေယာဉ်ဖြင့်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွင် ရေမဟုတ်သော အခြားပြင်ပအရာဝတ္ထု တစ်ခုခုနှင့် ထိမိခြင်း၊ တိုက်မိခြင်းကြောင့် သင်္ဘောတိမ်းမှောက်ခြင်း၊ လမ်းလွဲချော်၍ရေယာဉ်ထိခိုက်ပျက်စီးခြင်းတို့အတွက်အကာအကွယ်ပေးခြင်း။
  • ကျွန်ုပ်တို့ဆောင်ရွက်ပေးမယ့် အကာအကွယ်ပေးခြင်းအသေးစိတ်ကို Institute Hull Clause ၁-၁၀-၁၉၈၃ တွင် ဖတ်ရှုနိုင်ပါတယ်။
ဆက်သွယ်ရန်

အခြားသိလိုတဲ့အချက်အလက်များ ရှိပါသေးသလား

ကျွန်ုပ်တို့ဘက်မှ ကူညီဖို့အသင့်ရှိပါတယ်။ ယနေ့ပဲ ဆက်သွယ်လိုက်ပါ

ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ