သင့်ငွေသားကို လုံခြုံစေမယ်

စီးပွားရေးလုပ်တဲ့အခါ ငွေအသွင်းအထုတ် အလွှဲအပြောင်းတွေ လုပ်ရတဲ့အတွက် သင့်လုပ်ငန်းအဆောက်အဦမှာ မီးခံသေတ္တာရှိဖို့ လိုအပ်လာပါတယ်။ခိုးယူဖောက်ထွင်းခံရမှု သို့မဟုတ် ထိခိုက်ဆုံးရှုံးမှု ဖြစ်နိုင်ခြေကို လစ်လျူရှုထားလို့ မရပါဘူး။

အဲဒါကြောင့် သင့်လုပ်ငန်းအဆောက်အဦတွင်းမှာရှိတဲ့ မီးခံသေတ္တာထဲက ငွေတွေ ဆုံးရှုံးခြင်းကနေ ကာကွယ်ပေးမယ့် ငွေသားလုံခြုံမှုအာမခံပေါ်လစီကို ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးနေပါပြီ။

သင့်အကျိုးအမြတ်တွေကို မသမာတဲ့လုပ်ရပ်တွေကြောင့် အထိခိုက်မခံပါနဲ့။ ကျွန်ုပ်တို့ရဲ့ လုံခြုံထိရောက်တဲ့ အာမခံပေါ်လစီကို ဒီနေ့ပဲ ရယူလိုက်ပါ။

ဝန်ဆောင်မှုများ

  • ဒီပေါ်လစီက မီးခံသေတ္တာထဲမှာရှိနေစဉ် ဆုံးရှုံးသွားတဲ့ငွေသားအတွက် ကုမ္ပဏီဘက်ကနေပြီး ပေါ်လစီထဲမှာ ဖော်ပြထားတဲ့ တာဝန်ရှိပမာဏထက် မကျော်လွန်တဲ့ အများဆုံးပမာဏကို ကျွန်ုပ်တို့ ပေးလျော်မှာပါ။ ရိုးရှင်းတဲ့လုပ်ဆောင်ချက်တွေနဲ့ ပထမတန်းစား ဝန်ဆောင်မှုကို ကျွန်ုပ်တို့အနေဖြင့် ၂၄ နာရီလုံးအချိန်ပြည့် ဝန်ဆောင်မှုပေးနေတဲ့အတွက် သင်လျော်ကြေးတောင်းဆိုတဲ့အခါမှာလည်း ရိုးရှင်းလွယ်ကူမှာဖြစ်ပါတယ်။
  • ဖောက်ထွင်းမှုနဲ့ လုယှက်မှုနှစ်မျိုးလုံးအတွက် ကျွန်ုပ်တို့ အကာအကွယ်ပေးမှာဖြစ်လို့ ဘယ်လိုခိုးယူဖောက်ထွင်းမှု၊ ထိခိုက်မှုအတွက်မဆို အကာအကွယ်ရရှိမှာပါ။

အဓိက အကျိုးခံစားခွင့်များ

  • ဆုံးရှုံးသွားတဲ့ငွေသားရဲ့ အမြင့်ဆုံးပမာဏကို လျော်ကြေးပေးခြင်း (ကုမ္ပဏီက တာဝန်ရှိတဲ့ ပမာဏကန့်သတ်ချက်ထက် မကျော်လွန်ပါ)။
  • ပျောက်ဆုံးမှု၊ ပျက်စီးမှုများကြောင့် ငွေကြေးဆုံးရှုံးမှုများအတွက် အကာအကွယ်ပေးခြင်း။
  • ခိုးယူဖောက်ထွင်းမှု သို့မဟုတ် ခိုးယူမှု၊လုယှက်မှုများကြောင့် ငွေကြေးဆုံးရှုံးမှုများအတွက်အကာအကွယ်ပေးခြင်း။
ဆက်သွယ်ရန်

အခြားသိလိုတဲ့အချက်အလက်များ ရှိပါသေးသလား

ကျွန်ုပ်တို့ဘက်မှ ကူညီဖို့အသင့်ရှိပါတယ်။ ယနေ့ပဲ ဆက်သွယ်လိုက်ပါ

ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ