ဖြစ်နိုင်သည့် အန္တရာယ်အားလုံးအတွက် အာမခံအကာအကွယ်ရယူပါ

စက်မှုလုပ်ငန်းသုံးအလုံးစုံအာမခံသည် ယခင်ရှိခဲ့သော စံ(မူလ)မီးအာမခံပေါ်လစီထက် ပိုမိုကျယ်ပြန့်သော အကာအကွယ်များပါဝင်ပါသည်။

အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင်များ၊ စက်ရုံပိုင်ရှင်များသည် စက်မှုလုပ်ငန်းသုံးအလုံးစုံအာမခံ ထားရှိနိုင်ပါသည်။

စက်မှုလုပ်ငန်းသုံးအလုံးစုံအာမခံထားရှိနိုင်သည့်ပစ္စည်းများမှာ အဆောက်အဦများ၊ အိမ်ထောင်ပရိဘောဂများအတွက် မွမ်းမံမှုများ၊ တပ်ဆင်ထားသော စက်ပစ္စည်းကိရိယာများ၊ ကုန်ကြမ်း ကုန်ချောများ စသည်တို့ဖြစ်ပါသည်။

ဝန်ဆောင်မှုများ

  • ဤပေါ်လစီသည် စံ(မူလ)မီးအာမခံပေါ်လစီများအရ ထပ်ဆောင်းဘေးအန္တရာယ်များနှင့်အခြားပျက်စီးဆုံးရှုံးမှုများကဲ့သို့သော ပျက်စီးဆုံးရှုံးမှုများအားလုံးအတွက် အကာအကွယ်များရရှိနိုင်ပါသည်။
  • ဖောက်ထွင်းခိုးယူမှုစသည့် ထပ်ဆောင်းအကာအကွယ်များကို စက်မှုလုပ်ငန်း အလုံးစုံမူဝါဒစည်းမျဉ်းနှင့်အညီ ထားရှိနိုင်ပါသည်။ ၎င်းသည် သက်ဆိုင်ရာမူဝါဒတစ်ခုစီ၏ စည်းမျဉ်းစည်းကမ်းများနှင့်အကျုံးဝင်ပါသည်။

အဓိကအကျိုးခံစားခွင့်များ

  • ပျက်စီးခြင်းအားလုံး စံသတ်မှတ်ထားသည့် မီးအာမခံပေါ်လစီအရ အိမ်သုံး (သို့မဟုတ်) အလင်းရောင်ရရှိစေရေးရည်ရွယ်ချက်အဖြစ် အသုံးပြုသော မီး၊ လျှပ်စစ်မီး၊ ဓာတ်ငွေ့ပေါက်ကွဲမှုများအတွက် အကာအကွယ်ပေးခြင်း။
  • စံသတ်မှတ်ထားသော မီးအာမခံပေါ်လစီတွင်ပါရှိသည့် ပေါက်ကွဲပျက်စီးခြင်း၊ လေမုန်တိုင်းအမျိုးမျိုး၊ အဓိကရုဏ်း၊ သပိတ်မှောက်ခြင်း၊ မသမာဖျက်ဆီးခြင်း၊ ကုန်းလမ်းသွားယာဉ်များကြောင့် ထိခိုက်ပျက်စီးခြင်း၊ လေယာဉ်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ရေကြီးရေလျှံခြင်း၊ ရေကြောင့်ပျက်စီးခြင်း၊ မြေငလျင်ကြောင့် မီးလောင်ခြင်း အစရှိသည်တို့ကို ထပ်ဆောင်းအကာအကွယ်ပေးခြင်း။
  • အာမခံပေါ်လစီအောက်တွင် အကျယ်တဝင့် ရှင်းလင်းစွာဖော်ပြထားသော အခြားပျက်စီးဆုံးရှုံးမှုများကို အကာအကွယ်ပေးခြင်း။
ဆက်သွယ်ရန်

အခြားသိလိုတဲ့အချက်အလက်များ ရှိပါသေးသလား

ကျွန်ုပ်တို့ဘက်မှ ကူညီဖို့အသင့်ရှိပါတယ်။ ယနေ့ပဲ ဆက်သွယ်လိုက်ပါ

ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ