မီးဘေးအန္တရာယ်ကြောင့်ပူပင်သောကဖြစ်စရာမလိုတော့ပါ

မီးဘေးအန္တရာယ်ဆိုတာ အချိန်မရွေးဖြစ်ပွားနိုင်ပြီး မိမိအိုးအိမ်ပစ္စည်းဥစ္စာနှင့် ပိုင်ဆိုင်မှုများကို အကြီးအကျယ် ထိခိုက်ပျက်စီးစေနိုင်သလို စိတ်သောကလည်း အလွန်များရပါတယ်။ မီးဘေးဒဏ်သင့်တဲ့အခါမှာ နောက်ဆက်တွဲဆိုးကျိုးတွေကို ဘယ်သူကမှ တစ်ယောက်တည်းရင်မဆိုင်လိုကြပါဘူး။ သင့်အနေနဲ့ ပြန်လည်ထူထောင်ဖို့ အစီအစဉ်လိုအပ်ပြီး ကျွနု်ပ်တို့ရဲ့ မီးအာမခံက သင့်အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးမှာပါ။

မီးအာမခံဆိုတာသင်၊ သင့်အိမ်နဲ့ သင့်ပိုင်ဆိုင်မှုတွေကိုထိန်းချုပ်မရတဲ့မီးရဲ့ ဖျက်ဆီးမှုဒဏ်ကနေကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ မီးဘေးကြောင့် တွေ့ကြုံရမယ့် ငွေကြေးအခက်အခဲတွေကို သင်တစ်ယောက်တည်း ရင်ဆိုင်တာထက်စာရင် ကျွန်ုပ်တို့ရဲ့ အကူအညီကို ယုံယုံကြည်ကြည် ရယူလိုက်ပါ။ အကောင်းဆုံးသောဝန်ဆောင်မှုတွေ၊ ၂၄နာရီလုံး အချိန်ပြည့်ဆက်သွယ်နိုင်တဲ့ ဖုန်းလိုင်းတွေနဲ့ သင့်ခြေလှမ်းတိုင်းအတွက် ကူညီပေးဖို့ အသင့်ပါ။

ဝန်ဆောင်မှုများ

  • မီးဘေးအန္တရာယ်နဲ့ ကြုံတွေ့ရတဲ့အခါမှာ ထိခိုက်ပျက်စီးသွားတဲ့ အိုးအိမ်ပစ္စည်းတန်ဖိုးကို အပြည့်ပြန်ပေးမှာဖြစ်ပါတယ်။ သင့်ပိုင်ဆိုင်မှုတွေနဲ့ အိမ်ခြံမြေကိုထိခိုက်စေနိုင်တဲ့ တခြားသောသဘာဝဘေးအန္တရာယ်တွေကနေလည်း အာမခံထားနိုင်ပါတယ်။ GGI Tokio Marine  က အာမခံကြေးထုတ်ပေးတဲ့ လုပ်ဆောင်မှုကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးတာမို့ သင့်အနေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို အမြန်ဆုံးစတင်ဆောင်ရွက်နိုင်မှာပါ။
  • အဲဒါတွေတင်မကဘဲ ဒီပေါ်လစီက မီးအန္တရာယ်ကြောင့်ဖြစ်တဲ့ ထိခိုက်ပျက်စီးမှုမှန်သမျှအတွက် အကျုံးဝင်ပါတယ်။ မီးသတ်ပြီးနောက် ရေကြောင့် ထိခိုက်ပျက်စီးမှု၊ ပစ္စည်းအပြောင်းအရွှေ့ကြောင့် ထိခိုက်ပျက်စီးမှုနဲ့ အရေးပေါ်ဝန်ဆောင်မှုများကြောင့် ထိခိုက်ပျက်စီးမှုတွေအတွက်ပါ လျော်ကြေးပေးမှာဖြစ်တဲ့အတွက် မီးအန္တရာယ်ကြောင့်ဖြစ်တဲ့ ထိခိုက်မှုမှန်သမျှအတွက် စိုးရိမ်စရာမလိုတော့ပါဘူး။

အဓိကအကျိုးခံစားခွင့်များ

  • မီးကြောင့်အိုးအိမ်ပစ္စည်းထိခိုက်မှုအတွက်လျော်ကြေးပေးခြင်း။
  • ရေသို့မဟုတ် မီးသတ်ပစ္စည်းကြောင့် အိုးအိမ်ပစ္စည်းထိခိုက်ပျက်စီးမှုအတွက် လျော်ကြေးပေးခြင်း။
  • မီးလောင်နေသောအဆောက်အဦးမှ ပစ္စည်းများကိုသယ်ထုတ်စဉ် ထိခိုက်ပျက်စီးမှုအတွက် လျော်ကြေးပေးခြင်း။
  • မီးပိုကြီးမလာစေရန် မီးသတ်ဝန်ထမ်းများကထိန်းချုပ်ရာမှ ထိခိုက်ပျက်စီးမှုအတွက် လျော်ကြေးပေးခြင်း။
ဆက်သွယ်ရန်

အခြားသိလိုတဲ့အချက်အလက်များ ရှိပါသေးသလား

ကျွန်ုပ်တို့ဘက်မှ ကူညီဖို့အသင့်ရှိပါတယ်။ ယနေ့ပဲ ဆက်သွယ်လိုက်ပါ

ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ