လုံခြုံစွာမောင်းနှင်ပါ

ကျွန်ုပ်တို့ရဲ့ အလုံးစုံမော်တော်ယာဉ်အာမခံကသင့်ရဲ့မော်တော်ယာဉ်အတွက်

ကာကွယ်ပေးမှာဖြစ်လို့ သင့်အနေနဲ့ စိတ်ချလုံခြုံစွာမောင်းနှင်နိုင်မှာပါ။ သင့်ရဲ့ကိုယ်ပိုင်ကား၊ အငှားဝယ်စနစ်ဖြင့် စပ်တူပိုင်တဲ့ကားအပြင် လုပ်ငန်းသုံးကားကိုပါ အာမခံထားနိုင်ပါတယ်။

ကျွန်ုပ်တို့ရဲ့ ကောင်းမွန်သောဝန်ဆောင်မှု၊ ရိုးရှင်းတဲ့ပေါ်လစီတွေနဲ့ ၂၄နာရီအချိန်ပြည့်အကာအကွယ်ပေးမှုတွေကြောင့် အာမခံရယူမှု လုပ်ဆောင်ချက်ကအစအဆုံးလွယ်ကူချောမွေ့လှပါတယ်။ သင့်မော်တော်ယာဉ် ထိခိုက်ပျက်စီးမှုအတွက် အလွန်ကောင်းမွန်တဲ့ အာမခံလျော်ကြေးဝန်ဆောင်မှုနဲ့ သင့်မော်တော်ယာဉ် ပျက်စီးဆုံးရှုံးမှု ငွေကြေးပမာဏကို ကျွန်ုပ်တို့ အပြည့်အဝကာကွယ်ပေးမှာဖြစ်လို့ ကံကိုယုံပြီးသင့်ကားကိုပုံအပ်မထားဘဲ ကျွန်ုပ်တို့ရဲ့မော်တော်ယာဉ်အာမခံကိုဒီနေ့ပဲရယူလိုက်ပါ။

ဝန်ဆောင်မှုများ

  • ကျွန်ုပ်တို့ရဲ့အလုံးစုံမော်တော်ယာဉ်အာမခံကယာဉ်တိုက်ခြင်း၊ ယာဉ်တိမ်းမှောက်ခြင်း၊ ယာဉ်မီးလောင်ခြင်း၊ ယာဉ်ပေါ်သို့ပစ္စည်းပြုတ်ကျခြင်းတို့အပြင် ဖျက်ဆီးခံရခြင်းသို့မဟုတ် သူတစ်ပါးလက်ချက်ကြောင့် ထိခိုက်ပျက်စီးခြင်းများအတွက်ပါ အကာအကွယ်ပေးပါတယ်။ One stop insurance service ရယူနိုင်ခြင်း၊ 24/7 claim service ရယူနိုင်ခြင်းတို့ကိုလည်းဝန်ဆောင်မှုပေးပါတယ်။ အက်ဆီးဒင့်ဖြစ်ရာမှာအာမခံထားသည့် ယာဉ်ကြောင့် သူတစ်ပါး ထိခိုက်နစ်နာခြင်းများဖြစ်သည့်သေဆုံးခြင်းသို့မဟုတ် ဒဏ်ရာအပြင်းအထန်ရရှိခြင်း ဖြစ်ခဲ့မယ်ဆိုရင်လည်းထိခိုက်နစ်နာသူအတွက်ပါ လျော်ကြေးပေးသွားမှာဖြစ်ပါတယ်။

အဓိကအကျိုးခံစားခွင့်များ

  • သင်ကိုယ်တိုင်ကြောင့်ဖြစ်လာတဲ့ ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှု၊ မီးဘေးကြောင့် ယာဉ်မီးလောင်မှု၊ ယာဉ်မှ အလိုအလျောက်မီးလောင်မှုတို့အတွက် လျော်ကြေးပေးခြင်း။
  • အခြားသူ၏ မသမာမှုများကြောင့် သင့်ယာဉ်ထိခိုက်ပျက်စီးမှုအတွက် လျော်ကြေးပေးခြင်း။
  • လမ်း၊ ရထား၊ ဓါတ်လှေကားတို့ပေါ်မှ အတင်အချပြုလုပ်ရာမှ မတော်တဆမှုကြောင့် ထိခိုက်ပျက်စီးမှုအတွက် လျော်ကြေးပေးခြင်း။
  • အပေါ်မှပြုတ်ကျလာသောပစ္စည်းများကြောင့် ထိခိုက်ပျက်စီးမှုအတွက် လျော်ကြေးပေးခြင်း (သဘာဝ၏ စေ့ဆော်နှောင့်ယှက်မှုကြောင့် ဖြစ်ပွားခြင်းကိုအပိုအကာအကွယ်အဖြစ်ရယူနိုင်ပါသည်)။
  • အာမခံထားသည့်ယာဉ်ကြောင့်သူတစ်ပါးထိခိုက်နစ်နာခြင်းများဖြစ်သည့်သေဆုံးခြင်းသို့မဟုတ် ဒဏ်ရာအပြင်းအထန်ရရှိခြင်းဖြစ်ခဲ့မယ်ဆိုရင်လည်းထိခိုက်နစ်နာသူအတွက်ပါလျော်ကြေးပေးခြင်း
ဆက်သွယ်ရန်
Download E-claim App

အခြားသိလိုတဲ့အချက်အလက်များ ရှိပါသေးသလား

ကျွန်ုပ်တို့ဘက်မှ ကူညီဖို့အသင့်ရှိပါတယ်။ ယနေ့ပဲ ဆက်သွယ်လိုက်ပါ

ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ