သင့်ကုန်ပစ္စည်းကိုသယ်ယူရာတွင်ကာကွယ်ပါ

မြန်မာနိုင်ငံဟာရေကြောင်းကုန်သွယ်ရေးမှာသမိုင်းဝင်ဗဟိုချက်ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်းဒေါ်လာဘီလီယံများစွာ နိုင်ငံအနှံ့ စီးဆင်းနေတာပါ။ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီတွေနဲ့ တခြားကိုယ်စားလှယ်တွေအနေနဲ့ မိမိတို့ရဲ့ အရေးကြီးလှတဲ့ ကုန်စည်တွေကိုတစ်နေရာကနေတစ်နေရာပို့ဆောင်နေတုန်းမှာ ကြုံတွေ့ရတတ်တဲ့ အန္တရာယ်တွေကနေကာကွယ်ထားဖို့ လိုအပ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ ရေကြောင်းကုန်ပစ္စည်းအာမခံကသင့်အနေနဲ့ မြန်မာနိုင်ငံအနှံ့မှာကုန်းကြောင်း၊လေကြောင်းသို့မဟုတ် ရေကြောင်းနဲ့ ပြောင်းရွှေ့ပို့ဆောင်နေတဲ့ ကုန်စည်တွေ ထိခိုက်ဆုံးရှုံးမှုကနေကာကွယ်ပေးမှာပါ။ ဒီပေါ်လစီက အရည်အသွေးမြင့် အကာအကွယ်နဲ့ သင့်လုပ်ငန်းကိုကာကွယ်ပေးပြီး သင့်အနေနဲ့ ဘာကိုမှ စိုးရိမ်ပူပန်စရာမလိုဘဲစိတ်အေးစွာကုန်သွယ်နိုင်မှာဖြစ်ပါတယ်။

သင့်ကုန်စည်တွေဟာသိပ်အရေးကြီးလှတာမို့ ကံကိုပုံအပ်မထားဘဲဒီနေ့ပဲ ကျွန်ုပ်တို့ဆီမှာအာမခံထားပြီးသင့်ကုန်စည်တွေ လုံခြုံတယ်ဆိုတဲ့အသိနဲ့ စိတ်ချလက်ချနေလိုက်ပါ။

ဝန်ဆောင်မှုများ

  • ဒီပေါ်လစီကသင်္ဘောမီးလောင်ခြင်းသို့မဟုတ် ပေါက်ကွဲခြင်းအပြင် သင်္ဘောသောင်တင်ခြင်း၊ နစ်မြှုပ်ခြင်းနဲ့ တိမ်းမှောက်ခြင်းကြောင့် ဆုံးရှုံးထိခိုက်မှုအတွက် အကာအကွယ်ပေးပါတယ်။ မြန်မာနိုင်ငံအတွင်းအခြားသင်္ဘောများနှင့် တိုက်မိခြင်း၊ အခြားပြင်ပအရာများနှင့် ထိခိုက်မိခြင်းအတွက်လည်းကာကွယ်ပေးပါတယ်။
  • သွင်းကုန်လုပ်ငန်းရှင်များ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ ကုန်စည်ပိုင်ရှင်များ၊ ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီများ၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များနဲ့ တရားဝင်ကိုယ်စားလှယ်များအနေနဲ့ ဒီပေါ်လစီကိုရယူထားသင့်ပါတယ်။

အဓိကအကျိုးခံစားခွင့်များ

  • မမျော်လင့်ထားသောအခြေအနေများနှင့် သင်္ဘောမီးလောင်ခြင်းသို့မဟုတ် ပေါက်ကွဲခြင်းတို့ကြောင့် ဖြစ်လာမဲ့ ပျက်စီးဆုံးရှုံးမှုများအတွက် အကာအကွယ်ပေးခြင်း။
  • သင်္ဘောများသောင်တင်ခြင်း၊နစ်မြှုပ်ခြင်းနှင့် တိမ်းမှောက်ခြင်း သင်္ဘောချင်းထိခိုက်မိခြင်း၊ အခြားပြင်ပအရာနှင့်ရေယာဉ်ထိခိုက်မိ၍ကုန်စည်များပျက်စီးဆုံးရှုံးမှု ၂တို့အတွက် အကာအကွယ်ပေးခြင်း။
  • ကုန်းကြောင်းသယ်ယူပို့ဆောင်ရာတွင် လမ်းချော်ခြင်းသို့မဟုတ် တိမ်းမှောက်ခြင်း တို့အတွက် အကာအကွယ်ပေးခြင်း။
ဆက်သွယ်ရန်

အခြားသိလိုတဲ့အချက်အလက်များ ရှိပါသေးသလား

ကျွန်ုပ်တို့ဘက်မှ ကူညီဖို့အသင့်ရှိပါတယ်။ ယနေ့ပဲ ဆက်သွယ်လိုက်ပါ

ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ