သင့်ငွေကို ဝန်ထမ်းမှအလွဲသုံးစားလုပ်မှုကိုကာကွယ်ပါ

စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ပတ်ဝန်းကျင်မှာလိမ်လည်မှုကျူးလွန်သူတွေဟာလက်မှတ်တု သို့မဟုတ် ပြောင်းလဲထားတဲ့ အချက်အလက်တုတွေနဲ့ သတိပြုမိဖို့မလွယ်တဲ့ နည်းလမ်းတွေသုံးပြီး ငွေပမာဏအမြောက်အမြားကို ခိုးယူနိုင်တာကြောင့် အဲဒါကို သင်သိလိုက်ရတဲ့အချိန်မှာ မကြာခဏဆိုသလိုပဲ အခါနှောင်းနေတတ်ပါတယ်။

အဲဒီလိုအဖြစ်မျိုးတွေကနေ ကာကွယ်ဖို့အတွက် ကျွန်ုပ်တို့ရဲ့ သမာဓိအာမခံပေါ်လစီက သင်နဲ့ သင့်ပိုင်ဆိုင်မှုတွေကို အကာအကွယ်ပေးမှာပါ။ သင့်အနေနဲ့ သင့်ဝန်ထမ်းတွေအပေါ် ယုံကြည်မှုရှိသည့်တိုင်အောင် သတိထားတာ မမှားပါဘူး။ ဒီပေါ်လစီက သင့်ဝန်ထမ်းကြောင့် ခိုးယူခံရမှု သို့မဟုတ် ဆုံးရှုံးမှုကနေ အကာအကွယ်ပေးပါတယ်။

ဝန်ဆောင်မှုများ

  • ကျွန်ုပ်တို့ရဲ့ပေါ်လစီက လက်မှတ်တုနဲ့ အလွဲသုံးစားလုပ်မှုအပြင် ခိုးယူမှုနဲ့ အချက်အလက်ပြောင်းလဲထုတ်ယူမှုကြောင့် ဆုံးရှုံးမှုကနေ အကာအကွယ်ပေးပါတယ်။
  • လျော်ကြေးကိုတော့ ခိုးယူခံရတဲ့ စုစုပေါင်းငွေပမာဏ သို့မဟုတ် အာမခံထားသူရဲ့ စုစုပေါင်းဆုံးရှုံးမှုပမာဏအထိ ထုတ်ပေးမှာပါ။ ကျွန်ုပ်တို့အနေနဲ့ ဆွေးနွေးတိုင်ပင်မှုကို အမြန်ဆုံးပြုလုပ်ပေးပြီး ၂၄ နာရီအချိန်မရွေး လျော်ကြေးတောင်းခံနိုင်တဲ့ ဝန်ဆောင်မှုနဲ့ ပွင့်လင်းမြင်သာမှုရှိပြီးနားလည်ရလွယ်ကူတဲ့ သတ်မှတ်ချက်တွေ ထားရှိဆောင်ရွက်ပေးပါတယ်။

အဓိက အကျိုးခံစားခွင့်များ

  • ဒီပေါ်လစီက အချက်အလက်တုနဲ့ အလွဲသုံးစားလုပ်မှုကြောင့် ငွေကြေးဆုံးရှုံးမှုမှန်သမျှကို အကာအကွယ်ပေးပါတယ်။
  • ခိုးယူမှုနဲ့ အချက်အလက်အတု လုပ်ဆောင်ပြောင်းလဲမှုကြောင့် ဆုံးရှုံးမှုကိုလည်း ကာကွယ်ပေးပါတယ်။
  • ဝန်ထမ်းများနဲ့ အကူဝန်ထမ်းများရဲ့ မသမာတဲ့လုပ်ရပ် သို့မဟုတ် ခိုးယူရန်ကြိုးပမ်းမှုကြောင့် ငွေသားဆုံးရှုံးမှုကို ကာကွယ်ပေးပါတယ်။
ဆက်သွယ်ရန်

အခြားသိလိုတဲ့အချက်အလက်များ ရှိပါသေးသလား

ကျွန်ုပ်တို့ဘက်မှ ကူညီဖို့အသင့်ရှိပါတယ်။ ယနေ့ပဲ ဆက်သွယ်လိုက်ပါ

ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ