သင့်ငွေသွားလေရာ ကာကွယ်မှာ

တစ်ခါတလေကျရင် သင့်ပိုက်ဆံတွေကို နေရာအရွှေ့အပြောင်းလုပ်ရတတ်ပါတယ်။ ဒါပေမဲ့လည်း ပိုက်ဆံအပြောင်းအရွှေ့လုပ်တာဟာ အန္တရာယ်များ ပြီးစွန့်စားမှုပြုရတဲ့ အလုပ်ပါ။ သင့်လုပ်ငန်းနဲ့ ဘဏ်ကတော့ လုံခြုံစိတ်ချရတဲ့နေရာ ဖြစ်ကောင်းဖြစ်ပေမယ့် ငွေသားအပြောင်းအရွှေ့လုပ်တာကတော့ ဒုစရိုက်သမားတွေ အကြိုက်တွေ့စရာ အခွင့်အလမ်းဖြစ်ပြီး သူတို့လှုပ်ရှားဖို့ အလွယ်ကူဆုံးအချိန် ဖြစ်နေတတ်ပါတယ်။

အဲဒါကြောင့် တစ်နေရာကနေ နောက်တစ်နေရာကို ရွှေ့ပြောင်းမယ့် ငွေသားအားလုံးကို အကာအကွယ်ပေးမယ့် ငွေပို့ငွေသယ်အာမခံကို ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးနေပါတယ်။ ငွေသားဆုံးရှုံးမှု၊ ခိုးယူခံရမှု လုယှက်မှုများအတွက် စုစုပေါင်းပေးသွင်းငွေအပြည့်ကို ကျွန်ုပ်တို့ ထုတ်ပေးမှာပါ။

ဝန်ဆောင်မှုများ

  • ကျွန်ုပ်တို့ရဲ့ ငွေပို့ငွေသယ်အာမခံပေါ်လစီက မသမာသူတွေရဲ့ ခိုးယူမှု သို့မဟုတ် သင့်ဝန်ထမ်းတွေ၊ အကူဝန်ထမ်းတွေကြောင့်ဆုံးရှုံးမှုတွေအတွက် အလွန်ထိရောက်မှုရှိပါတယ်။
  • ကျွန်ုပ်တို့ဆီက လျော်ကြေးထုတ်ပေးတာ မြန်ဆန်ပြီး ပွင့်လင်းမြင်သာမှုရှိကာ လုပ်ဆောင်မှုက နားလည်ရလွယ်ကူပါတယ်။အချိန်ပြည့်ဝန်ဆောင်မှုများရရှိနိုင်တဲ့အတွက်ဖုန်းတစ်ချက်ဆက်လိုက်ရုံ ပါပဲ။

အဓိက အကျိုးခံစားခွင့်များ

  • ငွေသားအပြောင်းအရွှေ့လုပ်စဉ်အတွင်း ခိုးယူမှု၊လုယှက်မှုများကြောင့် ငွေသားဆုံးရှုံးမှုအတွက် အကာအကွယ်ပေးခြင်း။
  • လျော်ကြေးထုတ်ပေးမှု မြန်ဆန်ခြင်းနှင့် ၂၄ နာရီအချိန်ပြည့်ဝန်ဆောင်မှုပေးခြင်း။
ဆက်သွယ်ရန်

အခြားသိလိုတဲ့အချက်အလက်များ ရှိပါသေးသလား

ကျွန်ုပ်တို့ဘက်မှ ကူညီဖို့အသင့်ရှိပါတယ်။ ယနေ့ပဲ ဆက်သွယ်လိုက်ပါ

ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ