Loading...
ကျွန်ုပ်တို့၏အကြောင်း2019-12-11T10:58:25+06:30

GGI သည် ၂၀၁၃ ခုနှစ်ကတည်းက မြန်မာ့အာမခံလုပ်ငန်းလောကမှာ ဂုဏ်သိက္ခာအရှိဆုံးဆိုတဲ့ နာမည်တစ်ခုကို တည်ဆောက်နိုင်ခဲ့တဲ့ အာမခံကုမ္ပဏီတစ်ခုပါ။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ လူတစ်ဦးတစ်ယောက်ချင်းစီနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ငွေကြေးကိစ္စရပ်တွေ အဆင်ပြေချောမွေ့နေစေဖို့အတွက် အကာအကွယ်ပေးမယ့် အာမခံလုပ်ငန်းတွေကို လိုအပ်လာတယ်လို့ GGI က ထင်မြင်သုံးသပ်မိပါတယ်။ ဒါကြောင့် GGI အနေနဲ့ လူကြီးမင်းတို့ တန်ဖိုးအထားရဆုံးအရာတွေကို အကာအကွယ်ပေးမယ့် အထူးအာမခံဝန်ဆောင်မှုတွေပေးစွမ်းဖို့ ကြိုးစားနေတဲ့အတွက် လူကြီးမင်းတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ော်ဖို့ ယုံကြည်ချက်ကိုလည်း ရရှိစေမှာပါ။

GGI သည် ၂၀၁၉ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ အာမခံလုပ်ငန်းဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Tokio Marine နဲ့ လက်တွဲလိုက်ပြီဖြစ်ပါတယ်။ ထိုကဲ့သို့ ဂုဏ်သိက္ခာရှိပြီး အရည်အသွေးပြည့်ဝတဲ့ ကုမ္ပဏီနဲ့ အတူတကွ လက်တွဲလုပ်ဆောင်ရတဲ့အတွက် GGI အနေနဲ့ များစွာဂုဏ်ယူရပါတယ်။ Tokio Marine ရဲ့ နိုင်ငံတကာ အတွေ့အကြုံနဲ့ ကျွန်ုပ်တို့ရဲ့ ပြည်တွင်းလုပ်ငန်းနဲ့ မြန်မာပြည်သူလူထုအကြောင်း သိနားလည်မှုတို့ ပေါင်းစပ်ပြီး မြန်မာနိုင်ငံရဲ့ အာမခံစျေးကွက်မှာ ထူးခြားပြီး အရည်အသွေးမြင့်တဲ့ အာမခံဝန်ဆောင်မှု အမျိုးအစားအသစ်တွေကို ဆောင်ရွက်ပေးနိုင်ဖို့အတွက်လည်း များစွာစိတ်လှုပ်ရှားမိပါတယ်။

ကျွန်ုပ်တို့ရဲ့ အာမခံပေါ်လစီတွေ၊ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းလိုတာရှိပါသလား?

ဆက်သွယ်ရန်

သတင်းနှင့်လှုပ်ရှားမှုမျာ

ဒီနေ့ပဲ ဆက်သွယ်လိုက်ပါ

မိတ်ဆွေရဲ့ တုံ့ပြန်ချက်ကို ရယူပြီး အကောင်းဆုံး ဝန်ဆောင်မှုကို ပေးလိုပါတယ်။

CONTACT US