ကန်ထရိုက်တာလုပ်ငန်းအားလုံးအတွက် အပြည့်စုံဆုံး အာမခံအကာအကွယ်

ကန်ထရိုက်တာ တည်ဆောက်တပ်ဆင်လုပ်ငန်း အလုံးစုံလုပ်ငန်းအာမခံသည် တည်ဆောက်နေသော (သို့မဟုတ်) တပ်ဆင်နေသော ပစ္စည်းဥစ္စာများအား ထိခိုက်ပျက်စီးခြင်းနှင့် သူတစ်ပါးထိခိုက်နစ်နာမှုအတွက် ပေးလျော်ရန်တာဝန်ရှိမှုများအား အာမခံအကာအကွယ်ပေးခြင်းဖြစ်ပါသည်။

ဝန်ဆောင်မှုများ

  • CAR/EAR အာခံသည် ကန်ထရိုက်တာက စာချုပ်ပါပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ တာဝန်ယူတာဝန်ခံမှုအပေါ် အကာအကွယ်ပေးသော အာမခံအမျိုးအစားဖြစ်ပါသည်။
  • ပြုပြင်ထိန်းသိမ်းမှုကာလအတွင်း အာမခံအကာအကွယ်သည် (က) စာချုပ်အတိုင်းဆောင်ရွက်ခြင်း သို့မဟုတ် (ခ) အသေးစားပြင်ဆင်မှုများ၊ ပုံမှန်အတိုင်းကောင်းမွန်အောင်ပြုလုပ်ခြင်းများ၊ အရည်အသွေးမပြည့်မီသောအရာများအား လဲလှယ်အသုံးပြုခြင်းများနှင့် လုံလောက်မှုမရှိသောအရာများကို ပြုပြင်ခြင်းများ စသည်တို့လုပ်ဆောင်နေစဉ်ကာလအတွင်း ကန်ထရိုက်တာ၏လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုအပေါ်တွင် အကန့်အသတ်ဖြင့် တာဝန်ယူခြင်းဖြစ်ပါသည်။

အဓိကအကျိုးခံစားခွင့်များ

  • ဆောက်လုပ်ရေးနှင့်မြို့ပြအင်ဂျင်နီယာလုပ်ငန်းများအတွက် – အကျိုးခံစားခွင့်မပြုထားသောအရာများမှလွဲ၍ ကန်ထရိုက်လုပ်ငန်းများ၏ ကြိုတင်မမြင်နိုင်သော (သို့မဟုတ်) မတော်တဆဆုံးရှုံးခြင်း (သို့မဟုတ်) ပျက်စီးခြင်းအတွက် အကာအကွယ်ပေးခြင်း။
  • စက်ယန္တရားဆောက်လုပ်ခြင်းလုပ်ငန်းများအတွက် – အကျိုုးခံစားခွင့်မပြုထားသောအရာများမှလွဲ၍ ဆောက်လုပ်ရေးလုပ်ငန်းများ၏ ကြိုတင်မမြင်နိုင်သော (သို့မဟုတ်) မတော်တဆဆုံးရှုံးခြင်း (သို့မဟုတ်) ပျက်စီးခြင်းအတွက် အကာအကွယ်ပေးခြင်း။
  • သူတစ်ပါးအားပေးလျော်ရန် တာဝန်ရှိမှု – လူတစ်ဦးတစ်ယောက်အား မတော်တဆထိခိုက်ဒဏ်ရာရစေခြင်း (သို့မဟုတ်) နာမကျန်းဖြစ်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ဖြစ်ပေါ်လာသော ဆောက်လုပ်ရေးလုပ်ငန်းများနှင့် တိုက်ရိုက်သက်ဆိုင်မှုကြောင့် ပိုင်ဆိုင်မှုများကို မတော်တဆဆုံးရှုံးခြင်း (သို့မဟုတ်) ထိခိုက်ပျက်စီးခြင်းအတွက် လျော်ကြေးအဖြစ် အာမခံထားသူမှ ဥပဒေအကြောင်းအရ ပေးလျော်ရန်တာဝန်ရှိမှုများကို အကာအကွယ်ပေးခြင်း။
ဆက်သွယ်ရန်

အခြားသိလိုတဲ့အချက်အလက်များ ရှိပါသေးသလား

ကျွန်ုပ်တို့ဘက်မှ ကူညီဖို့အသင့်ရှိပါတယ်။ ယနေ့ပဲ ဆက်သွယ်လိုက်ပါ

ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ