Loading...
မူလစာမျက်နှာ2022-06-06T16:16:27+06:30

ကျွန်ုပ်တို့ရဲ့အကြောင်း

GGITM ဟာ Grand Guardian Insurance Myanmarနဲ့ Tokio Marine တို့ ပေါင်းစည်းထားတဲ့ ဖက်စပ်စီးပွားရေးလုပ်ငန်းသစ်ဖြစ်ပါတယ်။ အခုလို လက်တွဲပူးပေါင်းမှုကတဆင့် GGI ရဲ့ ပြည်တွင်းအတွေ့အကြုံနဲ့ Tokio Marine ရဲ့ နိုင်ငံတကာအတွေ့အကြုံတွေ ပေါင်းစပ်ပြီး အရည်အသွေးမြင့် အာမခံအမျိုးအစားအသစ်တွေကို ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးသွားမှာပါ။

ပိုမိုသိရှိစေရန်

ကျွန်ုပ်တို့ရဲ့လုပ်ဆောင်မှု

ကျွန်ုပ်တို့အတူ လက်တွဲပူးပေါင်းပြီး မြန်မာပြည်သူလူထုတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အရည်အသွေးမြင့် အာမခံပေါ်လစီ အမျိုးမျိုးကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ထိရောက်စွာ ဝန်ဆောင်မှုပေးနိုင်တဲ့အပေါ် ကျွန်ုပ်တို့ များစွာဂုဏ်ယူရပါတယ်။

ပိုမိုသိရှိစေရန်

ကျွန်ုပ်တို့ရဲ့တည်နေရာ

ကျွန်ုပ်တို့ရဲ့ရုံးက မြန်မာနိုင်ငံအနှံ့မှာရှိပြီး ခန့်အပ်ထားတဲ့ ကျွမ်းကျင်ဝန်ထမ်းတွေက သင့်ကိုအကူအညီပေးဖို့ အသင့်ပါပဲ။ ကျွန်ုပ်တို့ရဲ့ ရုံးခွဲနေရာတွေကို Office Location pageမှာ ကြည့်နိုင်ပါတယ်။

ပိုမိုသိရှိစေရန်

နိုင်ငံတကာကျွမ်းကျင်မှု

Tokio Marine ဟာ နိုင်ငံပေါင်း ၃၈ နိုင်ငံမှာ ရုံးခန်းတွေဖွင့်လှစ်ထားပြီး အာမခံလျော်ကြေးတောင်းဆိုနိုင်တဲ့ ရုံးတွေဟာလည်း နိုင်ငံတကာအနှံ့မှာ ၂၀၀ ကျော်ရှိတဲ့အတွက် တကယ့်ကို အပြည်ပြည်ဆိုင်ရာ လုပ်ငန်းကြီးတစ်ခုဖြစ်ပါတယ်။ အဲဒီလိုလုပ်ငန်းကြီးနဲ့ ကျွန်ုပ်တို့ လက်တွဲလိုက်တဲ့အတွက်ကြောင့် သူတို့တွေရဲ့ နိုင်ငံတကာ အတွေ့အကြုံတွေကို ကျွန်ုပ်တို့ရဲ့ ပြည်တွင်းဝန်ထမ်းတွေအပေါ် မျှဝေပေးနိုင်ပြီး ကျွန်ုပ်တို့ရဲ့ အာမခံဝန်ဆောင်မှုအရည်အသွေးကို မြှင့်တင်ပေးနိုင်မှာ အမှန်ပါပဲ။

ဒေသဆိုင်ရာနားလည်မှု

Tokio Marine က နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ကျွမ်းကျင်နှံ့စပ်သလို GGI ကလည်း မြန်မာပြည်သူတွေအကြောင်းကို အူမချေးခါးမကျန် သိနားလည်ပါတယ်။ မြန်မာပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် အာမခံပေါ်လစီတွေကို မြန်မာနိုင်ငံသားတွေနဲ့အတူ နှစ်ပေါင်းများစွာ အလုပ်အတူလုပ်ပြီး ကျွန်ုပ်တို့ ဖော်ဆောင်ခဲ့တာပါ။

တစ်နေရာထဲတွင် အားလုံးရနိုင်မည့် ဝန်ဆောင်မှု

နိုင်ငံတကာအတွေ့အကြုံ ပြည်တွင်းအတွေ့အကြုံနဲ့ အာမခံဝယ်ယူသူကို ရှေ့ရှုမှုတွေ ပေါင်းစပ်ထားတဲ့ GGITM က အာမခံထားချင်သူတိုင်းအတွက် အသင့်တော်ဆုံးသော ရွေးချယ်စရာပါပဲ။ တခြားအာမခံလုပ်ငန်းတွေမှာ မရနိုင်တဲ့ အမြော်အမြင်မျိုးနဲ့ ကျွန်ုပ်တို့ရဲ့ အာမခံပေါ်လစီတွေက မြန်မာပြည်သူတွေအတွက် အကောင်းဆုံးဆိုတာကို ကျွန်ုပ်တို့ အပြည့်အဝယုံကြည်ပါတယ်။

အာမခံထားသူကို အလေးထားမှု

GGI ဒီနေ့အထိ အောင်မြင်နေတာဟာ ကျွန်ုပ်တို့ အလေးထားရတဲ့ ကက်စတမ်မာတွေဖြစ်တဲ့ လုပ်ငန်းရှင်တွေ၊ တောင်သူလယ်သမားတွေ၊ ကုန်သည်တွေနဲ့ ပြည်သူလူထုတို့ကြောင့်ပါ။ ကျွန်ုပ်တို့ရဲ့လုပ်ငန်း ဘယ်လောက်ပဲ ကြီးထွားလာပါစေ ကက်စတမ်မာက ကျွန်ုပ်တို့ရဲ့ အဓိကဦးစားပေးပါပဲ။ ဒါကြောင့်လည်း ရိုးရှင်းလွယ်ကူတဲ့ အာမခံပေါ်လစီတွေကို ကျွမ်းကျင်ဝန်ထမ်းတွေက ဝန်ဆောင်မှုပေးဖို့ အသင့်ရှိနေပြီး ဖုန်းနဲ့လည်း အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။

ကျွန်ုပ်တို့ရဲ့ အာမခံပေါ်လစီတွေ၊ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းလိုတာရှိပါသလား?

ဆက်သွယ်ရန်

သတင်းနှင့်လှုပ်ရှားမှုမျာ

GGTIM မိုဘိုင်းအက်ပလီကေးရှင်းကို ဒေါင်းလုဒ်လုပ်ပါ။

ကျွန်ုပ်တို့နှင့် ပူးပေါင်းပါဝင်ရန်

Download E-claim App